Friday, October 12, 2012

The Wise Man by Jesus


သခင်ယေရှုပြောသောပညာရှိ

မဿဲ၇း၂၄ - ၂၇
''အကြင်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏။ထိုသူသည် ကျောက်ပေါ်မှာအိမ်ဆောင်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲနေ၏။အကြင်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏။ထိုသူသည်သဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကိုငါပုံပြမည်။မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ထိုအိမ်ကိုတိုက်သောအခါ၊ကြီးစွာသောပြိုလဲခြင်းသို့ ရောက်လေသည်ဟု ဟောပြောတော်မူ၏။''

ယနေ့ခေတ်သည်အိုင်တီခေတ်၊ပညာခေတ်ဖြစ်သကဲ့သို့လူများစွာတို့သည်ပညာကိုအထူးတန်ဖိုးထားလာကြသည်။အထူးရှာဖွေလာကြသည်။ ငွေကြေးမြောက်များစွာကိုအကုန်ခံ၍အသိပညာ၊အတတ်ပညာအသီးသီးတို့ကိုဝယ်ယူလာကြသည်။လူငယ်များသည်လည်းပညာကိုလိုချင်သောကြောင့်မိမိ၏မိသားစု၊ရပ်ရွာ၊တိုင်းနိုင်ငံတိုမှာထွက်ပြီးတိုင်းတပါးသို့ပညာရှာရန်ထွက်ကြတော့သည်။သို့သော်ယနေ့မိတ်ဆွေရှာနေသောပညာသည်မိဆွေကိုအမှန်တကယ်ကယ်တင်နိုင်၊မကယ်တင်နိုင်ဆန်းစစ်ကြည့်ကြဖို့လိုအပ်ပါသည်။ပညာများစွာကိုသိထားတတ်ထားသည်မှာ ကောင်းသည်ဟုကျွန်ုပ်ကိုယ်တိုင်လည်းထင်မြင်မိပါသည်။သို့သော် ယေရှုပြောသည့်ပညာသည်ကားထိုပညာရပ်များမဟုတ်ပါ။ထို့ကြောင့်စစ်မှန်သည့်ဘုရား၏ပညာကိုအနည်းငယ်ဝေငှလိုက်ပါသည်။
သခင်ယေရှုကလူသားများကိုသွန်သင်သည်မှာလူသားအားလုံးဘဝလေမုန်တိုင်းကိုရင်ဆိုင်ရမည်ဖြစ်သည်။ဘုရားသားသမီးများ၊ဘုရားသားသမီးမဟုတ်သောသူများအားလုံးလည်း လောကဓံကိုအတူတူတွေ့ကြုံပြီးဘဝကိုရင်ဆိုင်မည်မှာ မြေကြီးလက်ခတ်မလွှဲဖြစ်သည်။ထို့သို့အမှုခပ်သိမ်းကိုကြုံတွေ့သောအခါ ''ကြိုတင်ပြင်ဆင်သောသူ'' သညပညာရှိဖြစ်သည်။မုန်တိုင်းလာမည်ကိုသိသော်လည်းကြိုတင်ပြင်ဆင်မှုမရှိသောသူသည်လူမိုက်ဖြစ်သည်။ထို့အပြင်မှားယွင်းစွာ ပြင်ဆင်သောသူသည်လည်းလူမိုက်ပင်ဖြစ်သည်။မှန်ကန်စွာ ပြင်ဆင်သောသူသာလျှင်ဘဝတွင် ''အောင်မြင်သောသူ'' ဖြစ်နိုင်ပါမည်။
          ယနေ့ခရစ်ယာန်လောက၌ကျမ်းစာကိုသိသောသူများပြီးလက်တွေ့လုပ်ဆောင်၊လက်တွေ့ကျင့်သုံးသူနည်းလှသည်။ ယေရှုက ''ငါပြောသောစကားကိုကြား၍နားထောင်သောသူ'' ဟုဆိုခဲ့ပါသည်။ 'နားထောင်သောသူ'ဆိုသည်ကိုအင်္ဂလိပ်လိုpractice ဟူ၍သုံးထားသည်။ထို့ကြောင့် ယေရှု၏ ပြောစကားကိုကြားသောသူသည်ပညာရှိမဟုတ်ဘဲနားထောင်သောသူ၊လက်တွေ့ကျင့်သုံးသောသူသည်သာပညာရှိဖြစ်ပါသည်။ကျမ်းစာသိသောသူဖြစ်ရန်မကြိုးစားဘဲကျမ်းစာရှိသောသူ ဖြစ်ရန်ကြိုးစားကြရမည်ဖြစ်သည်။ထိုသို့ကျင့်သုံးမှာသာလျှင်ဘဝမုန်တိုင်းကိုကြုံတွေ့သောအခါကြံ့ကြံ့ခံနိုင်မည်ဖြစ်သည်။
          မိတ်ဆွေအသက်တာကို ပြန်ဆန်းစစ်ကြည့်ပါ။သုံးသပ်ကြည့်ပါ။မိတ်ဆွေနားထောင်ခဲ့သည့်တရားဟောချက်၏ရာခိုင်နှုန်းမည်မျှမိတ်ဆွေကျင့်သုံးခဲ့ဖူးပြီလဲ။နားဖြင့်နားထောင်ရုံမျှသာမဟုတ်ဘဲလက်တွေ့ကျင့်သုံးမှသာလျှင် ကောင်းကြီးခံစားရမည်ဖြစ်သည်။မိတ်ဆွေကိုအားပေးလိုပါသည်။တရားနာလျှင်လက်တွေ့ကျင့်သုံးဖို့အတွက်ပဲနာပါ။ဗဟုတုတ၊အသိညာဏ်တိုးပွားဖို့မနာပါနှင့်။တရားဟောသောသူလည်းလက်တွေ့ကျင့်သုံး၍ရသောတရားကိုသာသွန်သင်ရမည်ဖြစ်သည်။
          အိမ်တစ်လုံး၏ခိုင်ခံ့ခြင်း၊မခိုင်ခံ့ခြင်းသည်ချက်ချင်းလက်ငင်း မြင်တွေ့ရမည်မဟုတ်ပါ။ ပေါ်လွင်မည်မဟုတ်ပါ။မုန်တိုင်းကျလာသောအခါ (သို့မဟုတ်) ငလျင်လှုပ်သည့်အခါအိမ်၏အုတ်မြစ်ခိုင်ခံ့ခြင်းရှိမရှိ၊သိသာထင်ရှားလာသည်။ထိုနည်းတူလူယ်များအနေဖြင့်နှုတ်ကပတ်တော်သိုထားသောသေူနှင့်ဂရုမစိုက်သောသူယခုလက်ရှိအချိန်၌သိသာထင်ရှားမည်မဟုတ်ပါ။သို့သော်နှစ်ကာလကြာလာသည်နှင့်အမျှ၊၅နှစ်၊၁ဝနှစ်၊အနှစ်နှစ်ဆယ်ကြာလာသောအခါထိုလူနှစ်ဦး၏ဘဝသည်လုံးဝကွဲပြားခြားနားသွားမည် ဖြစ်သည်။ထို့ကြောင့်လူငယ်များသည်အသက်ငယ်ရွယ်စဉ်တွင်နှုတ်ကပတ်တော်ကိုများစွာသိပြီး၊များစွာသိုမှီးပြီး၊များစွာလက်တွေ့ကျင့်သုံး နေရမည်ဖြစ်သည်။နှုတ်ကပတ်တော်ကိုဆာငတ်သောသူ၏ဘဝသည်ထူးခြားလာမည်မှာဧကန်ဖြစ်သည်။
          ထို့ကြောင့်သခင်ယေရှုပြောသောပညာရှိဆိုသည်မှာကျမ်းစာကိုသိသောသူမဟုတ်ဘဲ ''ရှိသောသူ'' ဖြစ်သည်။လက်တွေ့ကျင့်သုံးသောသူဖြစ်သည်။နှုတ်ကပတ်တော်ကိုနှလုံးသားထဲများစွာသိုထားလျက်ကြွယ်ဝသောသူဖြစ်ဖို့အယောက်စီတိုင်းဘုရားရှင် ကောင်းကြီးပေးပါစေ။လူများရှေ့၌ပညာတတ်တစ်ယောက် ဖြစ်ရုံသာမကဘဲ ''ယေရှုအမြင်၌ပညာရှိသောသူ'' ဖြစ်ဖို့ရန်လူငယ်တိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ။
                                                                                                Brother Khai
                                                                             FYN Vol.1 No.6 (Jan 3, 2012)

No comments:

Post a Comment