သစ္စာရှိသူ . . . . . . ကျွန်မချစ်သူ
ကြာခဲ့ပါပြီကြာပါပြီပေါ့
ရာသီတွေအလီလီပြောင်း
နှစ်တွေအကြိမ်ကြိမ်ညောင်းပေမယ့်
တမ်းတမိတယ် . . . . . .
တစ်ခါကငါ့ချစ်သူရယ်
ဂတိစကားတွေထပ်သစ္စာတရားတွေတိုင်တည်ခဲ့ပေမယ့်
မမျှော်လင့်တဲ့ကံကြမ္မာ
မမြင်ရတဲ့ရက်စက်မှုက
ငါ့အချစ်ကိုလှပစွာအနိုင်ယူသွားပြန်ပေါ့
သြော် . . . . . . အခုတော့
မပြောင်းလဲတဲ့အချစ်
မဟောင်းနိုင်တဲ့မေတ္တာ
တည်မြဲတဲ့သစ္စာ
ကြောက်စရာမလိုတဲ့ကံကြမ္မာ
လွှမ်းနေစရာမလိုတဲ့ချစ်ခြင်းက
ငါ့နှလုံးသားကိုတစ်ခါပြန်
စီးဆင်းစေခဲ့သူ
သစ္စာအရှိဆုံးသူ . . . . . .
ကျွန်မချစ်တဲ့သူ
ယေရှု
ရုသ
FYN Vol.1 No.8 (Jan 17, 2012)
No comments:
Post a Comment