သူ . . . မင်းကိုဘယ်တော့မှ . . .
အရမ်းကောင်းပါတယ်ဆိုတဲ့အရာ
ဖန်တီးခြင်းကပျက်စီးခြင်းရဲ့ နိဒါန်း
နေစရာထိုင်စရာအကောင်းဆုံး
ကောင်းကင်မဟုတ်ရင်တော့ပူနေမှာ
ထွေးပိုက်ထားတဲ့တွဲလက်တွေ
တွန်းချလိုက်တော့အီလို့ ဆိမ့်လို့
ချစ်ပါတယ်ဆိုတဲ့နှလုံးသား
အတ္တများတော့ အမုန်းပွား
အသက်စွန့် ချစ်မယ့်ကတိတွေ
လူချစ်တာလူပစ်ရင်ဆတ်ဆတ်ခါ
ဖြားယောင်းခြင်းမှာ စီးမျော
မရုန်းနိုင်တာ ယစ်မူးခြင်းနွံ
အမြင့်ဆုံးသို့ မြောက်ပင့်ပေး
ပုတ်ချကာမှ ခွေးကျဝက်ကျ
မုသားတွေနဲ့ ချုပ်နှောင်
အဆင်းကျမှ ဘီးတပ်
အထုပ်ကြီးမှတ်လို့ ထွေးပိုက်
ပေါက်ကွဲတော့မှလေပူဖောင်း
ဘုရားမှတ်လို့ ကိုးကွယ်
ဖွတ်ထွက်တော့မှ တောင်ပို့
အလုံးစုံယုံမှားလို့ ခံစား
သင့်အဖစာတန်လှည့်ဖြား
ယုံမှတ်ရင် လုံးဝပုံအပ်
ယေရှု လက်တော်မှာ
သေချာခြင်းတစ်ခုက
သူ . . . မင်းကိုဘယ်တော့မှ . . .
ယာဗက်
FYN Vol.1 No.9 (Jan 24, 2012)
No comments:
Post a Comment