''ဘုရားသခင်၏စိတ်တော်နှင့်တွေ့စေသောယုံကြည်ခြင်း''
ဟေဗြဲ၁၁း၆ ''ယုံကြည်ခြင်းမရှိလျှင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။အကြောင်းမူကား၊ဘုရားသခင့်အထံတော်သို့ချည်းကပ်သောသူသည်၊ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊ကိုယ်တော်ကိုရှာသောသူအားအကျိုးပေးတော်မူသည်ကို၎င်း၊ယုံကြည်ရမည်။''
ယနေ့ယုံကြည်သူများ၌
ရေပန်းအစားဆုံးစကားလုံးကို ပြောရလျှင် ''ယုံကြည်ခြင်းသာ ဖြစ်ပေလိမ့်မည်။ယခုခေတ်ကာလတွင်တရားဟောဆရာများစွာသည်ယုံကြည်ခြင်းအကြောင်း
ဟောပြောသွန်သင်ကြပါသည်။အထူးသဖြင့် နေ့ရက်စဉ်တိုင်းယုံကြည်ခြင်းအားဖြင့်မည်ကဲ့သို့အသက်ရှင်သင့်ကြောင်းကျွန်ုပ်တို့ကြားခဲ့ကြရပါသည်။ထို့ကြောင့်ယုံကြည်သူလူငယ်များအနေဖြင့်ယုံကြည်ခြင်းဆိုသည်မှာအဘယ်နည်း၊အသက်တာ၌ယုံကြည်ခြင်းနှင့်လက်တွေ့မည်ကဲ့သို့ရှင်သန်ရမည်ဆိုသည်ကိုအနည်းငယ်ခွန်အားပေးလိုပါသည်။
ကျမ်းစာထဲ၌ယုံကြည်ခြင်းမရှိလျှင်ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ဟုဆိုထားပါသည်။ထို့ကြောင့်မိတ်ဆွေအသက်တာအရည်အချင်းများစွာရှိနိုင်သော်လည်းယုံကြည်ခြင်းနှင့်ဘုရားထံမသွားလျှင်ဘုရားသခင်သဘောကျမည်မဟုတ်ပေ။ဘုရားသခင်၏စိတ်နှင့်တွေ့ခြင်းဆိုသည်မှာ
ကောင်းကင်ပေါ် မြေကြီးအောက်မည်သည့်လူ၏သဘောကျခြင်းထက်ပိုမိုမွန်မြတ် ကောင်းမွန်ပါသည်။ဘုရားစိတ်ကြိုက်ဖြစ်အောင်မိတ်တွေမည်သို့လုပ်ရမည်နည်း။အခြားသောနည်းလမ်းမရှိပေ။ယုံကြည်ခြင်းအားဖြင့်သာ
ဖြစ်သည်။ဘုရားသခင်ကသင့်ကိုသဘောကျ၊စိတ်ကျေနပ်သောအခါအရာခပ်သိမ်းအဆင်ပြေချောမွေ့လာမည်ဖြစ်သည်။မိတ်ဆွေရုန်းကန်၍ကြိုးစားခြင်းမဟုတ်ဘဲ၊ဘုရားသခင်ကိုယ်တိုင်မိတ်ဆွေဘက်၌ရပ်တည်ပြီးမိတ်ဆွေအတွက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့လူသားများအနေဖြင့်ဘုရားစိတ်တော်ကိုတို့ထိစေဖို့သည်
'ယုံကြည်ခြင်း' သာဖြစ်ကြောင်းပထမဦးဆုံးနားလည်ရမည်ဖြစ်သည်။
ဆက်လက်ပြီးကျမ်းစာကယုံကြည်ခြင်း၏အဓိပ္ပါယ်ကိုရှင်းလင်းစွာ
ဖော်ပြထားပါသည်။ဦးစွာဘုရားသခင်ရှိတော်မူသည်ကိုယုံကြည်ရမည်ဖြစ်ပြီးထိုအချက်သည်အခြေခံသာဖြစ်သည်။မိတ်ဆွေ၏နှလုံးသားထဲတွင်ဘုရားသခင်ရှိတော်မူသည်ဟုအချိန်တိုင်း
နေရာတိုင်းမှာယုံကြည်ဖို့ရန်ဖြစ်ပါသည်။ကျွန်ုပ်တို့ကိုးကွယ်သောဘုရားသည်တန်ခိုးအနန္တနှင့်
ပြည့်စုံတော်မူပြီးသူ၏တန်ခိုးသည်လည်းအဆုံးအစမရှိ၊အကန့်အသတ်မရှိပေ။အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်အချိန်တိုင်းတွင်ရှိသောဘုရားသခင်ဖြစ်ပါသည်။အထူးသဖြင့်မိတ်ဆွေရှိနေသည့်
နေရာတိုင်းတွင်မိတ်ဆွေနှင့်အတူအမြဲရှိပေသည်။ ကောင်းကင်ဘုံအဝေးတစ်နေရာမှလူသားများကိုအုပ်ချုပ်နေသည့်အာဏာရှင်တစ်ဦးမဟုတ်ပါပေ။
ဝမ်းနည်းစရာပင်။ခရစ်ယာန်များစွာကဘုရားသခင်သည်အဝေးတစ်နေရာမမြင်နိုင်၊မကြားနိုင်၊မရောက်နိုင်သည့်
နေရာတွင်ရှိပြီးသူတို့၏အခက်အခဲများကိုအမှန်တကယ်တော့လက်တွေ့ကျကျမဖြေရှင်းပေးနိုင်ဟုယုံကြည်ကြလေသည်။ထိုသို့သောထင်မြင်၊ယုံကြည်ချက်များသည်ဘုရားကိုဝမ်းနည်းစေသည့်အရာများဖြစ်သည်။အမှန်စင်စစ်တော့ဘုရားသခင်ကသင့်ကိုဂရုစိုက်ပြီး၊သင့်အတွင်းနှလုံးသားခံစားချက်အလုံးစုံကိုနားလည်ပေးနိုင်သောဘုရားဖြစ်သည်။နားလည်ပေးရုံသာမက
ပြဿနာအလုံးစုံကို ဖြေရှင်းပေးလိုသည့်အပြင် ဖြေဆိုရန်လည်းအနန္တတန်ခိုးနှင့် ပြည့်စုံသောဘုရားလည်းဖြစ်ပါသည်။ထို့ကြောင့်ဘုရားသခင်သည်မိတ်ဆွေအနားမှာအစဉ်အမြဲရှိကြောင်းသဘောပေါက်ပါ။
ကိုယ့်ရဲ့အနားမှာဘုရားသခင်ရှိကြောင်းယုံကြည်ရုံနှင့်မပြီးဘဲသူ့အထံတော်သို့ချဉ်းကပ်လျှင်အကျိုးရမည်ကိုယုံကြည်ရမည်ဖြစ်သည်။ဘုရားသခင်ကိုရှာလျှင်တစ်စုံတစ်ခုဖြစ်လာမည်ကိုစိတ်ချလျက်ယုံကြည်ရပေမည်။ဆုတောင်းသောအခါ၌လည်းဘုရားသခင်အလုပ်လုပ်မည်ကိုယုံကြည်လျက်နှင့်ဆုတောင်းရမည်ဖြစ်သည်။မိတ်ဆွေဘက်မှအမှန်တကယ်ဘုရားသခင်ကိုစိတ်နှလုံးအကြွင်းမဲ့ရှာလျှင်
ပြန်ထူးပါသည်။ဘုရားအတွက်အစေခံသည့်အခါ၊ကျမ်းစာဖတ်သောအခါ၊ဝတ်ပြုကိုးကွယ်သောအခါတစ်စုံတစ်ခု
ကောင်းကြီးရမည်၊အကျိုးရမည်ဟုစိတ်ချ၊ မျှော်လင့်ခြင်းနှင့်လုပ်ဆောင်ရမည်ဖြစ်သည်။ကျွန်ုပ်တို့ကတစ်ခါတစ်ရံဘုရားသခင်ကိုလူနှင့်နှိုင်းယှဉ်တတ်ကြပါသည်။ဥပမာ
- လူတစ်ဦးတစ်ယောက်ထံသို့ မျှော်လင့်ခြင်းဖြင့်သွားလျှင်လူ့သဘာဝအရမကြိုက်တတ်ပါ။သို့သော်ထာဝရဘုရားထံသို့သွားလျှင်မူကားလူနှင့်ပြောင်းပြန်ဖြစ်သည်။
မျှော်လင့်ပြီးမှသွားရမည်ဖြစ်သည်။အကျိုးကိုမျှော်လင့်ခြင်းမရှိဘဲဘုရားထံသွားလျှင်ဘုရားကကြိုက်နှစ်သက်မည်မဟုတ်ပါ။အကြောင်းမူကားကျွန်ုပ်တို့ကိုးကွယ်သောထာဝရအရှင်ဘုရားသခင်သည်ကြွယ်ဝခြင်းနှင့်
ပြည့်စုံသောဘုရား၊အလျှံအပယ် မေတ္တာနှင့် ပြည့်စုံသောဘုရားဖြစ်သောကြောင့်သူ၏သားသမီးများကိုအထူးပင်ကောင်းကြီးပေးလိုသောဘုရားဖြစ်သည်။
ရှင်မာကု၅း၂၅
- ၃၄၌၁၂နှစ်ပတ်လုံး သွေးသွန်နာစွဲသောအမျိုးသမီးသည် ယေရှု၏သိတင်းတော်ကိုကြားပြီး ယေရှုထံသို့သွားရောက်ခဲ့သည်။ထို့နောက်
ယေရှု၏ပန်းပွားလောက်ကိုသာတို့ပြီးထိုခဏခြင်းတွင်ကျမ်းမာသွားခဲ့ပေသည်။ထိုအခြင်းအရာကို
ယေရှုက 'ငါ့တန်ခိုအားဖြင့်သင့်အနာရောဂါပျေက်သည်' ဟုမဆိုခဲ့ဘဲ 'သင့်ယုံကြည်ခြင်းကသင့်ကိုပျေက်ကင်းစေပြီ'
ဟုသာ ပြောခဲ့ပါသည်။ထိုသို့ဆိုလျှင်ထိုအမျိုးသမီး၏ယုံကြည်ခြင်းသည်အဘယ်ကဲ့သို့သောယုံကြည်ခြင်းဖြစ်မည်နည်း။မည်သည့်
မျှော်လင့်ခြင်းနှင့်ထိုအမျိုးသမီး ယေရှုကိုချဉ်းကပ်ခဲ့ပါသနည်း။ထိုအမျိုးသမီးက ယေရှုသည်ဘုရားဖြစ်ကြောင်း၊အနာရောဂါကိုငြိမ်းစေပိုင်သောဘုရားဖြစ်ကြောင်းယုံကြည်ခဲ့သည်။သူမအနေနှင့်
ယေရှုထံသို့သွားလျှင်တစ်စုံတစ်ခုထူးခြားသွားမည်ဟု မျှော်လင့်ခဲ့သည်။ဘုရား၏အထံတော်သို့သွားလျှင်အနာငြိမ်းခြင်းအမှန်ရရှိမည်ဟူသောယုံကြည်ခြင်းနှင့်သွားသောကြောင့်သာအမှန်တကယ်ကျန်းမာခြင်းကိုရရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်မိတ်ဆွေ၏အသက်တာ၌မည်ကဲ့သို့သော
ပြဿနာကြုံတွေ့နေရပါစေသတင်းကောင်းတစ်ခုရှိပါသည်။မိတ်ဆွေ၏အနားတွင်ဘုရားသခင်ရှိနေပါသည်။မိတ်ဆွေကိုကူညီဖို့ရန်မိတ်ဆွေအနားတွင်အစဉ်ရှိသော
ယေရှုဘုရားဖြစ်ပါသည်။မိတ်ဆွေ၏လိုအပ်ချက်အားလုံးကိုသိပြီး၊ကူညီဖြေရှင်းဖို့ရန်တတ်စွမ်းနိုင်သောကျွန်ုပ်တို့၏အဖဘုရားသခင်ဖြစ်သည်။ယခုအချိန်တွင်မိတ်ဆွေ၏ဘဝတစ်ခုလုံးကိုလက်လျှော့ပြီး၊လက်မြောက်အရှုံးပေးချင်လောက်အောင်စိတ်ဓာတ်ကျနေချိန်
ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော်ဘုရားသခင်ကသင့်ဘက်မှာအမြဲတမ်းရှိနေသည်၊သူ့ကိုသာ အော်ခေါ်လိုက်ဖို့၊အကူအညီတောင်းလိုက်ဖို့သာ
ဖြစ်ပါသည်။သူ့ကိုတော့လုံးလုံးလျားလျားအားကိုးဖို့လိုပါသည်။အကျိုးရမည်ကိုမိတ်ဆွေယုံကြည်ဖို့လည်းလိုအပ်ပါသည်။
နိဂုံးချုပ်အနေဖြင့်ဘုရားသခင်သည်ဘာသာရေးခရစ်ယာန်များကိုသဘောကျနှစ်သက်ခြင်းမရှိပါ။ရွံရှာလှပါသည်။ဘာသာရေးခရစ်ယာန်ဆိုသည်မှာယုံကြည်ခြင်းမရှိဘဲရိုးရာထုံးတမ်းစဉ်လာတစ်ခုလိုဘုရားကိုရှာသောသူဖြစ်ပါသည်။ဘုရားထံမှအကျိုးကိုမျှော်ကိုးခြင်းမရှိသောသူ၊လုပ်နေကျဖြစ်၍လုပ်သောသူ၊မိဘ၊ဘိုးဘေးတို့၏အစဉ်အလာရဘုရားကိုချဉ်းကပ်သောသူကိုဘုရားသခင်သည်ရွံရှာလှပါသည်။ထို့ကြောင့်မိတ်ဆွေ၏ခရစ်ယာန်အသက်တာ၌
ပေးလှူခြင်း၊ဆုတောင်းခြင်း၊ကျမ်းစာဖတ်ဖြင်း၊ဝတ်ပြုကိုးကွယ်ခြင်း၊အစေခံခြင်းစသည်ဖြင့်ဘုရားနှင့်စပ်ဆိုင်သောအရာမှန်သမျှ၌
''ကောင်းကြီး'' တစ်ခုခုရမည်ဟု မျှော်လင့်ခြင်းနှင့်လုပ်ဆောင်ရပါမည်။ဘုရားသခင်ကအမှန်တကယ်ကောင်းကြီးပေးပါမည်။ဘုရားသခင်ထံသို့
''ယုံကြည်ခြင်း'' ဖြင့်ချည်းကပ်တတ်သောသူအယောက်စီတိုင်းဖြစ်ဖို့ရန်ဘုရားသခင်ကောင်းကြီးပေးပါစေ။
Brother
Khai FYN Vol.1 No.7 (Jan 10, 2012)
No comments:
Post a Comment