Sunday, October 21, 2012

RHEMA

ဝိညာဉ်တော်၏ အလင်းဖွင့်ပြမှုရှိမှသာ နှုတ်ကပတ်တော်ရဲ့ ဆိုလိုရင်းကို ကျွန်ုပ်တို့နားလည်နိုင်မှာပါ။
ယောဟန် ၆း၆၃ ''ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။''

ဘုရားသခင်သည် ဖန်ဆင်းရှင်ဘုရားဖြစ်သည်။ အရာခပ်သိမ်းမရှိမှီ ရှိခဲ့ပြီး သူ့အားဖြင့် ခပ်သိမ်းသောအရာများ ဖြစ်လာသည်။ ဘုရားသခင်သည် သူ့နှုတ်ထွက်အမိန့်ဖြင့် ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သည် (ဟေဗြဲ ၁း၃)။ ထို့ကြောင့် ဘုရားသခင်ထံမှ နှုတ်ထွက်စကားသည် အင်မတန်မှ တန်ခိုးကြီးမားပြီး ဖန်ဆင်းနိုင်စွမ်းရှိသည်။ မဖြစ်သေးသောအရာများကို ဖြစ်ပေါ်စေပြီး လူ့အသက်ပေါင်းများစွာကို ပြောင်းလဲစေသော နှုတ်တော်ထွက်စကားဖြစ်သည်။ သို့ရာတွင် ထိုနှုတ်ကပတ်တော်သည် ဓျွ့နာဓေ သာလျှင်ဖြစ်သည်။ ထို့ကြောင့် RHEMA ၏အနက်အဓိပ္ပါယ်ကို အနည်းငယ် ရှင်းပြလိုပါသည်။

၁။ LOGOSနှင့် RHEMA

ရှင်မဿဲ ၄း၎ ''ယေရှုကလည်း လူသည်မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှ RHEMA အားဖြင့်အသက်ကို မွေးရမည် ကျမ်းစာ LOGOS လာသည်ဟု ပြန်ပြောတော်မူ၏။''

ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းစာတစ်အုပ်လုံးသည် LOGOS (ရေးသားထားသောစာ) ဖြစ်ပါသည်။ ထိုကျမ်းစာမှတဆင့် ဘုရားသခင်စကားပြောသော၊ ဖွင့်ပြခြင်း RHEMA (ယခုလက်ရှိအခြေအနေအတွက် လိုအပ်သော ဘုရားစကား) ဖြစ်သည်။ ဥပမာ - ငယ်ငယ်ကတည်းက ကယ်တင်ခြင်းအကြောင်း ကျမ်းချက် LOGOS ကို အလွတ်ကျက်ထားကြပါသည်။ သို့သော် ထိုကျမ်းစာကို ဘုရားကဖွင့်ပြပြီး နားလည်စေသောအခါမှသာ RHEMA ဖြစ်လာပြီး ကယ်တင်ခြင်းစိတ်ချမှုကို ရရှိပါသည်။ ထို့ကြောင့် ကျမ်းစာကိုသိခြင်းသည် ကောင်းသော်လည်း RHEMA ဖြစ်မလာလျှင် တန်ခိုးမရှိပါ။ အသက်မပါပါ။ နှုတ်ကပတ်တော်၏ တန်ခိုးသည် RHEMA သာဖြစ်သည်။ ထို့ကြောင့် LOGOS ဖတ်ပြီး ဘုရားစကားပြောသော RHEMA အားဖြင့် အသက်ရှင်ရမည်။

၂။ ယုံကြည်ခြင်းနှင့် RHEMA

ရောမ ၁ဝး၁၇ ''ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော် RHEMA အားဖြင့်ဖြစ်၏။''

ယုံကြည်ခြင်းသည် အင်မတန်မှ အရေးကြီးသော အရာဖြစ်သည်။ ယုံကြည်ခြင်းက ''ကောင်းကင်ဝင်ခွင့်'' ကို ဆုံးဖြတ်ပေးပါသည်။ သို့သော် စစ်မှန်သော ယုံကြည်ခြင်းသည် RHEMA ကြားနာခြင်းအားဖြင့်သာဖြစ်သည်။ မိမိအသိညာဏ်ဖြင့် သဘောတူညီထောက်ခံခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်ပါ။ စစ်မှန်သော ယုံကြည်ခြင်းသည် မိမိဝိညာဉ်မှတဆင့် ဘုရားစကားကြားပြီး လက်ခံခြင်းဖြစ်သည်။ ထို့ကြောင့် ကမိတ်ဆွေ၏ယုံကြည်ခြင်းသည် လောကယုံကြည်ခြင်း (အသိညာဏ်ဖြင့် သဘောတူခြင်း) ဖြစ်လျှင် ငရဲသို့သာ သွားရမည်ဖြစ်သည်။ ယုံကြည်ခြင်းသည် ဘုရားတန်ခိုးတော်ဖြစ်သည်။ ကျမ်းစာက စေခိုင်းသည်မှာ အမှန်ဖြစ်သော်လည်း မိမိအထဲ၌ ဘုရား၏ တိုက်ရိုက်စကားပြောခြင်းကသာ စစ်မှန်ယုံ ကြည်ခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် ယုံကြည်ခြင်းသည် ဘုရားစကားပြောခြင်း RHEMA ကြားနာခြင်းမှသာ ဖြစ်နိုင်သည်။

၃။ ဝိညာဉ်တော်နှင့် RHEMA

၂ကော ၁၃း၁၄ ''ယေရှုခရစ်၏ ကျေးဇူးတော်၎င်း၊ ဘုရားသခင်၏ မေတ္တာတော်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိဿဟာယသော်၎င်း သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်''

သုံးပါးတစ်ဆူအတူတကွ လုပ်ဆောင်ပုံဖြစ်သည်။ ခမည်းတော်သည် မေတ္တာတော်ရှင်ဖြစ်ပြီး အစီအစဉ်ဆွဲ (Planning) ပါသည်။ သားတော်ယေရှုသည် လုပ်ဆောင်သောသူ (Action) ဖြစ်သည်။ သို့သော် ထိုအရာများအားလုံးကို နားလည်သဘောပေါက်ပြီး မိမိလက်ထဲ၌ရှိလာဖို့ ဝိညာဉ်တော်၏ ဖွင့်ပြမှု (Revelation) ရှိမှဖြစ်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်မှ ယေရှုခရစ်လုပ်ဆောင်ပေးခဲ့သော ကျေးဇူးတရားကို ''ဖွင့်ပြ'' ခြင်းသည် RHEMA ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြနားလည်စေခြင်းမရှိလျှင် မိမိမခံစား၊ မရရှိပါ။ သမ္မာတရားကို ဖွင့်ပြခြင်းသည် RHEMA ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်၏ ဖွင့်ပြမှုကို ဆာငတ်ကြဖို့လိုပါသည်။

၎။ သင်နှင့်RHEMA

ယော ၆း၆၃ ၌ RHEMA သည် ဝိညာဉ်ဖြစ်သည်၊ အသက်လည်းဖြစ်သည်ဟု ဆိုထားသည်။ ထို့ကြောင့် RHEMA သာလျှင် မိတ်ဆွေအသက်တာကို ပြောင်းလဲစေမည်ဖြစ်သည်။ RHEMA ရရှိသောအခါ ဘုရားအလိုတော်ကို တိကျစွာသိရှိပြီး ရဲဝံ့စွာလုပ်ဆောင်ရဲမည်ဖြစ်သည်။ ထို့ကြောင့် RHEMA ကို ရရှိရန်နည်းလမ်းသည် အလွန်အရေးကြီးလာပါသည်။ ကျမ်းစာ LOGOS ကို နေ့တိုင်းဖတ်ရှုပါ။ နှလုံးသားနှိမ့်ချပြီး ဝိညာဉ်တော်၏ ကျမ်းစာဖွင့်ပြမှုအတွက် ဆုတောင်းပါ။ ဝိညာဉ်တော်နှင့် နေ့တိုင်း မိဿဟာယဖွဲ့စကားပြောပါ။ RHEMA သည် အချိန်မရွေး ရောက်လာတတ်ပါသည်။ အထူးသဖြင့် RHEMA နှင့်ဟောသော တရားဟောဆရာ (ဝိညာဉ်တော်ဘိသိတ်သောသူ) ၏ တရားဟောချက်များကို နားထောင်ပါ။ LOGOS ဟောသောသူ အသိညာဏ်သာ တိုးပွားပြီး အသက်တာမပြောင်းလဲပါ။

ထို့ကြောင့် ခရစ်ယာန်ယုံကြည်သူများ၏ ရပ်တည်ချက်သည် နှုတ်ကပတ်တော်ဖြစ်သည်။ ယေရှုက ယုံကြည်သူများသည် RHEMA (ဘုရားမိန့်တော်မူသောစကား) နှင့် အသက်ရှင်ရမည်ဟု သွန်သင်ပါသည်။ LOGOS နှင့် အသက်ရှင်၍ မရပါ။ နေ့တိုင်း RHEMA စကားကြားပြီး ယုံကြည်ခြင်းဖြင့် အသက်ရှင်သောသူများဖြစ်ဖို့ ဘုရားသခင်ကောင်းကြီးပေးပါစေ။


Flame

FYN Vol.1 No.14 (Feb 28, 2012)

No comments:

Post a Comment