Sunday, October 21, 2012

Christ Died For Them

သူတို့ကြောင့် ယေရှုသေရတယ်



ယေရှုဘယ်သူ့ကြောင့် သေရတာလဲ သင်နှင့်ကျွန်ုပ်ကြောင့်ပါ

တစ်ချို့က အစွန်းရောက်သူ

သူကကယ်ဖို့နေနေသာသာ

သူ့ကြောင့်မို့လို့ သွေးချောင်းစီးတယ်

သူ့ကြောင့်မို့လို့ စစ်ဖြစ်ကြတယ်

သူ့ကြောင့်မို့လို့ အသေခံဗုံးခွဲရက်တယ်

လူသားတွေတော့သေကြတယ်

သူတစ်ယောက်သာ နေသာတယ်

ဒါသူ့ချစ်ခြင်းလား အဆိပ်တွေထုံမွှန်းထား

တစ်ခုခုတော့မှားနေလား . . .


တစ်ချို့ကတော့ လမ်းပြသူ

သူကတော့ အားလုံးရဲ့ထိပ်မှာ

သူ့ကြောင့်မို့လို့ အပြစ်မလွတ်ပါ

သူ့ကြောင့်မို့လို့ မလွတ်မြောက်ပါ

သူ့ကြောင့်မို့လို့ ဥပေက္ခာပေါ်လာ

ကမ်းထိပ်ပေါ်မှာ သူဟာမီးပြတိုက်ကြီးပါ

အပြစ်နွံထဲတော့ လူသားတွေနစ်ကျွံဆဲပေါ့

ဒါသူ့အမှန်တရား ဘာသာရေးဝိညာဉ်လှုပ်ရှား

တစ်ခုခုတော့မှားနေလား . . .


တစ်ချို့ ကျတော့ ခြိမ်းခြောက်သူ

သူအားလုံးကို ကြိုးကိုင်တယ်

သူ့ကြောင့်မို့လို့သွေးအန်တယ်

သူ့ကြောင့်မို့လို့ သဘာဝလွန်တယ်

သူ့ကြောင့်မို့လို့ နတ်ဆိုးဆန်သွားတယ်

အကြောက်တရားနဲ့ ခြိမ်းခြောက်ခြင်းမှာဆရာ

နာကျင်ခန္ဓာဝေဒနာနဲ့လူသားခမျာ ကိုးကွယ်ရှာ

ဒါသူ့ပညာလား စတေးခြင်းတရားနဲ့အသုံးချသွား

တစ်ခုခုတော့မှားနေလား . . .


ယေရှုကျပြန်တော့ ကြင်နာသူ

လူအားလုံးကြောင့် သေရတယ်

လူအားလုံးအတွက် စတေးခံတယ်

လူအားလုံးအတွက် အသွေးသွန်းတယ်

လူအားလုံးအတွက် ရှင်ပြန်တယ်

ကားတိုင်ထက်မှာ အစေခံရင်းအသေခံပြီး

အပြစ်လွှတ်ကယ်တင်ခြင်းနဲ့ သမ္မာတရား ဒါသူ့ချစ်ခြင်းများ

အသက်ရှင်တဲ့ဘုရား ထာဝရအသက်သူပေးသွား

သန့်ရှင်းသောဝိညာဉ်တော်ဘုရား လွတ်လပ်စွာလှုပ်ရှား

နိုးထမှုကြီးဖြစ်စေသား . . . အာမင်


ယာဗက်

FYN Vol.1 No.15 (Mar 6, 2012)

No comments:

Post a Comment