အစစ်ဆုံးမေတ္တာ . . ..
![]() |
မေ့မေ့ကိုချစ်တဲ့သမီး |
နွေးထွေးတဲ့အပြုံး
ပေးဆပ်ချင်တဲ့နှလုံးသားကို
ပိုင်ဆိုင်တဲ့မေမေ
ကောင်းကင်ကြီးကျယ်တာ
အမေ့အချစ်ကိုမမှီပါဘူး
ပင်လယ်ကြီးနက်ရှိုင်းတာ
အမေ့မေတ္တာမြူတစ်မှုန်လောက်မရှိပါဘူး
ကမ္ဘာကျော်စားဖိုမှူးလက်ရာ
မေတ္တာနဲ့ချက်တဲ့ အမေ့လက်ရာကိုမမှီဘူး
အင်အားကြီးပြီး အားရှိတဲ့လက်တစ်စုံက
ချစ်ခြင်းပြည့်ပြီး အသားရေတွန့်တဲ့
အမေ့လက်လောက်မသန်မာဘူး
သမ္မတကြီတော်တယ်တဲ့
ဦးဆောင်နိုင်တဲ့ အမေ့စွမ်းအားကို မမှီဘူး
အမွှေးဆုံးဆိုတဲ့ ပန်းခရေက
အမေ့ချွေးနံ့လောက်မမွှေးပါဘူး
မေတ္တာတွေထုံသင်းပြီး
မွှေးပျံ့တဲ့ ဥယျာဉ်ကြီး
မေ့မေ့ကို . . . သမီးချစ်တယ်
ရုသ
Fire Youth Newsletter
Vol.1 No.16 (March 13, 2012)
No comments:
Post a Comment